သင့်သောက်သုံးရေထဲရှိ ခဲဓာတ်ပါဝင်မှုနှင့်ပတ်သက်သော အရေးကြီးအချက်အလက်များ

Information
A person filling up a glass of water under a kitchen faucet.
အိမ်သုံးရေပိုက်သွယ်တန်းစနစ်နှင့် သင့်သောက်သုံးရေထဲရှိ ခဲဓာတ်ပါဝင်မှုနှင့်ပတ်သက်သော အရေးကြီးအချက်အလက်များ ခဲဓာတ်နှင့်ထိတွေ့မှုကို လျှော့ချရန် လွယ်ကူသောအဆင့်များ
On this page

သင်သိရန်လိုအပ်သော အချက်များ

နေအိမ်များတွင် မကြာသေးမီက စောင့်ကြည့်စစ်ဆေးမှု ရလဒ်များအရ သောက်သုံးရေထဲတွင် ခဲဓာတ်ပါဝင်မှုသည် ထိန်းညှိနိုင်သည့်အဆင့်ထက် ကျော်လွန်နေသည်။ ကျွန်ုပ်တို့သည် 2022 ခုနှစ် ဧပြီလ နောက်ဆုံးထားပြီး သောက်သုံးရေထဲရှိ ခဲဓာတ်ပမာဏကို လျှော့ချရန် စစ်ထုတ်သန့်စင်မှုများကို တိုးမြှင့်ပြုလုပ်သွားပါမည်။ ဤစစ်ထုတ်သန့်စင်မှု အပြောင်းအလဲသည် ကျွန်ုပ်တို့၏ရေများတွင် pH နှင့် အယ်ကာလီပါဝင်မှုကို တိုးစေပါမည်။

သင့်သောက်သုံးရေထဲရှိ ခဲဓာတ်ပါဝင်မှုနှင့်ပတ်သက်သော အရေးကြီးအချက်အလက်များ

အချို့သော အိမ်များ/အဆောက်အအုံများတွင် သောက်သုံးရေထဲ၌ ခဲဓာတ်ပါဝင်မှုအဆင့်မြင့်တက်နေကြောင်းကို Portland Water Bureau က တွေ့ရှိခဲ့သည်။ ခဲဓာတ်သည် အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များတွင် ပြင်းထန်သော ကျန်းမာရေးပြဿနာများကို ဖြစ်ပွားစေသည်။ သင့်သောက်သုံးရေတွင် ခဲဓာတ်ပါဝင်မှုကို လျှော့ချှရန်အတွက် သင်လုပ်ဆောင်နိုင်သည်များကို ကြည့်ရန် ဤအချက်အလက်များကို သေချာစွာဖတ်ရှုပါ။

ခဲဓာတ်၏ ကျန်းမာရေးအပေါ် သက်ရောက်မှုများ

ခဲဓာတ်သည် သောက်သုံးရေ သို့မဟုတ် အခြားအရင်းအမြစ်များမှတစ်ဆင့် သင့်ခန္ဓာကိုယ်ထဲသို့ အလွန်အကျွံဝင်ရောက်သွားပါက ပြင်းထန်သော ကျန်းမာရေးပြဿနာများကို ဖြစ်ပွားစေနိုင်သည်။ ၎င်းသည် ဦးနှောက်နှင့် ကျောက်ကပ်များကို ပျက်စီးစေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသို့ အောက်ဆီဂျင်ကို သယ်ဆောင်ပေးသော သွေးနီဥများ ထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေသည်။ ခဲဓာတ်နှင့်ထိတွေ့မှုသည် မွေးကင်းစများ၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အန္တရာယ်အများဆုံး ဖြစ်သည်။ ဦးနှောက်ထဲတွင် ခဲဓာတ်၏ သက်ရောက်မှုများသည် IQ နိမ့်သော ကလေးများနှင့် ဆက်စပ်မှုရှိကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိထားသည်။ အနည်းငယ်မျှသော ခဲဓာတ်ပမာဏကပင် ကျန်းမာရေးကောင်းမွန်သူများထက်စာလျှင် သွေးတိုးရှိပြီး ကျောက်ကပ်မကောင်းသော လူကြီးများကို ပိုဒုက္ခပေးနိုင်သည်။ ခဲဓာတ်ကို အရိုးများတွင် သိုလှောင်ထားပြီး နောင်အသက်ရလာသောအခါ ၎င်းကို စွန့်ထုတ်နိုင်သည်။ ကိုယ်ဝန်ဆောင်နေစဉ် ကလေးသည် ကိုယ်ဝန်ဆောင်မိခင်၏ အရိုးများမှတစ်ဆင့် ခဲဓာတ်ကို လက်ခံရရှိပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သည်။

ခဲဓာတ် အရင်းအမြစ်များ

ခဲဓာတ်ကို သာမန်အားဖြင့် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်အနှံ့ နေရာအမျိုးမျိုးတွင် တွေ့ရသည်။ ခဲဓာတ်ကို ကျွန်ုပ်တို့၏ ရေအရင်းအမြစ်များတွင် တွေ့ရခဲပြီး တိုင်းတာချက်အရ ခဲဓာတ်ဖြန့်ချိရေး ဝန်ဆောင်မှု လိုင်းများကို မကြားဖူးသော်လည်း အချို့အိမ်များတွင် ခဲဓာတ်ကို တွေ့နိုင်သည်။

ပေါ့တ်လန်းတွင် ခဲပါဝင်သော အိမ်သုံးရေပိုက်ပစ္စည်းများ သံချေးတက်ခြင်း (ယိုယွင်းပျက်စီးခြင်း) ကြောင့် သောက်သုံးရေထဲတွင် ခဲဓာတ်များ ပါဝင်လာသည်။ ဤပစ္စည်းများတွင် - 1970 နှင့် 1985 အကြား အိမ်ဆောက်ခြင်း သို့မဟုတ် ရေပိုက်ဆက်ခြင်းတွင် အသုံးများသော - ကြေးနီပိုက်ဆက်ရန်သုံးသော ခဲအခြေခံ ဂဟေနှင့် ကြေးဝါအစိတ်အပိုင်းများ၊ ဘုံပိုင်ခေါင်းများ ပါဝင်သည်။ ပေါ့တ်လန်းရှိ ရေသည် တိုက်စားတတ်သည့် သဘောသဘာဝရှိသောကြောင့် ရေက ပိုက်များထဲတွင် - ညလုံးပေါက် သို့မဟုတ် လူများ အလုပ်သွားနေချိန် သို့မဟုတ် ကျောင်းသွားနေချိန်ကဲ့သို့– အချိန်များတွင် နာရီပေါင်းများစွာ စုနေသောအခါ အိမ်သုံးပိုက်လိုင်းစနစ်ထဲရှိ ခဲဓာတ်သည် သောက်သုံးရေထဲသို့ ပျော်ဝင်သွားနိုင်သည်။

ပေါ့တ်လန်းတွင် အများဆုံးတွေ့ရသည့် ခဲဓာတ်ထိတွေ့မှု အလွန်မြင့်သော အရင်းအမြစ်များမှာ ခဲအခြေခံဆေးသား၊ အိမ်တွင်းရှိ ဖုန်မှုန့်များ၊ မြေကြီးနှင့် ရေပိုက်ပစ္စည်းများ ဖြစ်သည်။ ကစားစရာများ၊ အလှကုန်ပစ္စည်းများနှင့် မြေထည်ကဲ့သို့ အခြားအိမ်သုံးပစ္စည်းများတွင်လည်း ခဲဓာတ်ကို တွေ့နိုင်သည်။

သောက်သုံးရေမှတစ်ဆင့် ခဲဓာတ်ထိတွေ့မှုကို လျှော့ချရန်အတွက် လွယ်ကူသောအဆင့်များ

  1. ခဲများကို ရေနှင့်အတူ ပါသွားစေရန် ရေဖွင့်ချပါ။ ရေကို နာရီပေါင်းများစွာ အသုံးမပြုထားပါက သောက်သုံးခြင်း သို့မဟုတ် ချက်ပြုတ်ခြင်း မပြုမီ 30 စက္ကန့် မှ 2 မိနစ်အထိ သို့မဟုတ် ပိုအေးလာသည်အထိ ပိုက်ခေါင်းတိုင်းကို ဖွင့်ထားပါ။
  1. ချက်ပြုတ်ခြင်းနှင့် ကလေးနို့မှုန့်ပြင်ဆင်ဖျော်စပ်ခြင်းအတွက် အေးပြီးသန့်ရှင်းသော ရေကို သုံးပါ။ ခဲဓာတ်သည် ရေပူထဲတွင် ပို၍လွယ်ကူစွာ ပျော်ဝင်သည်။ ချက်ပြုတ်ခြင်း၊ သောက်သုံးခြင်း သို့မဟုတ် ကလေးနို့မှုန့်ဖျော်စပ်ခြင်းအတွက် ရေပူပိုက်ခေါင်းမှ ရေကို မသုံးပါနှင့်။
  1. ခဲဓာတ်ကို ဖယ်ရှားရန် ရေကို မကျိုချက်ပါနှင့်။ ရေကို ကျိုချက်ခြင်းသည် ခဲဓာတ်ကို လျော့နည်းစေမည်မဟုတ်ပါ။
  1. ရေစစ်အသုံးပြုရန် စဉ်းစားပါ။ ၎င်းသည်ခဲသတ္တုကို လျှော့ချလိုက်ခြင်းရှိမရှိကို စစ်ဆေးပါ – ရေစစ်တိုင်းက လျှော့ချမပေးနိုင်ပါ။ ရေအရည်အသွေးကို ကာကွယ်ရန် ထုတ်လုပ်သူ၏ ညွှန်ကြားချက်များနှင့်အညီ ရေစစ်ကိရိယာကို ထိန်းသိမ်းကာ အသစ်လဲပါ။ တရားဝင် ထောက်ခံချက်ရထားသည့် ရေစစ်ကိရိယာများ၏ အချက်အလက်များအတွက် 800-NSF-8010 မှတစ်ဆင့် NSF International သို့မဟုတ် nsf.org သို့ ဆက်သွယ်ပါ။
  1.  ခဲဆိပ်သင့်မသင့် သင့်ကလေးကို စမ်းသပ်ပါ။ ခဲဆိပ်သင့်မသင့် သင့်ကလေးအား မည်သို့စမ်းသပ်ရမည်ကို လေ့လာသိရှိနိုင်ရန် သင်၏ဆရာဝန်ကို မေးမြန်းပါ သို့မဟုတ် LeadLine သို့ ဆက်သွယ်ပါ။ သွေးတွင်းခဲပမာဏစစ်ဆေးမှုသည် သင့်ကလေး ခဲဆိပ်နှင့် ထိတွေ့ထားခြင်းရှိမရှိကို သိနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
  1. ခဲဆိပ်ရှိမရှိ သင့်ရေကို စစ်ဆေးပါ။ အခမဲ့ ရေတွင်းခဲဆိပ် စစ်ဆေးမှုကို LeadLine ထံမှ မှာယူဆောင်ရွက်ပါ
  1. ဘုံပိုင်ခေါင်းထိပ်ရှိ ဆန်ခါကွက်ကို ပုံမှန်သန့်ရှင်းပါ။ ဂဟေဆော်ခြင်း သို့မဟုတ် အိမ်သုံးရေပိုက်ဆက်ခြင်းမှ ခဲပါဝင်သော အမှုန်များသည် သင်၏ ဘုံပိုင်ခေါင်းထိပ်ရှိ ဆန်ခါကွက်ထဲတွင် ပိတ်မိလာနိုင်ပါသည်။ လအနည်းငယ်ကြာတိုင်း ပုံမှန်သန့်ရှင်းပေးခြင်း သို့မဟုတ် လဲလှယ်ပေးခြင်းတို့သည် ဤအမှုန်များကို ဖယ်ရှားပေးကာ သင်၏ ခဲဆိပ်ထိတွေ့မှုကို လျှော့ချပေးပါမည်။
  1. ခဲဓာတ်နည်းပါးသော အသေတပ်ဆင်ရသည့် ရေချိုးခန်း အသုံးအဆောင်များကို ဝယ်ယူရန် စဉ်းစားပါ။  2014 ခုနှစ်မှစ၍ ပိုက်များ၊ အဖြုတ်၊ အတပ်လုပ်၍ရသော ပစ္စည်းများ၊ အသေတပ်ဆင်ရသော ရေချိုးခန်း အသုံးအဆောင်များတွင် ခဲပမာဏ 0.25 ရာခိုင်နှုန်းအောက်သာ ပါဝင်ရန် သတ်မှတ်ထားသည်။ အသေတပ်ဆင်ရသော ရေချိုးခန်း အသုံးအဆောင်အသစ်များဝယ်လျှင် ခဲပါဝင်မှုအနည်းဆုံးကိုသာ ရှာဝယ်ပါ။

ခဲဆိပ်စစ်ဆေးမှုရလဒ်များ

Portland Water Bureau သည် ခဲဂဟေဆော်ထားသည့် အိမ်ခြေ 100 ကျော်ပါဝင်သော အုပ်စုတစ်စုမှ ရေနမူနာများကို တစ်နှစ်လျှင် နှစ်ကြိမ် စုဆောင်းကောက်ခံပါသည်။ စစ်ဆေးထားသော အိမ်ခြေ 10% အထက်တွင် ပုံမှန်ထက်များသောရလဒ်များ ရှိထားသည့်အတွက် သောက်သုံးရေထဲရှိခဲဆိပ်အတွက် လက်ခံနိုင်သည့် ပျော်ဝင်မှုပမာဏထက် ကျော်လွန်နေ၍ ခဲပမာဏကို လျှော့ချရန် လိုအပ်ပါသည်။ သောက်သုံးရေထဲရှိခဲဆိပ်အကြောင်း လူထုပညာပေးကမ်ပိန်းကိုလည်း ကျွန်ုပ်တို့လုပ်ဆောင်နေပါသည်။

ယခုနွေဦးရာသီမှစတင်၍ သောက်သုံးရေ သန့်စင်မှုဆိုင်ရာ တိုးတက်မှုများ

2013 ခုနှစ်တွင် လက်ခံနိုင်သည့် ခဲဆိပ် ပျော်ဝင်မှုပမာဏထက် ကျော်လွန်ပြီးနောက် အိမ်သုံး သို့မဟုတ် အဆောက်အအုံသုံး ရေပိုက်များမှ ရေထဲသို့ ဝင်ရောက်နိုင်သည့် ခဲဆိပ်ပမာဏကို နောက်ထပ်လျှော့ချရန် နည်းလမ်းများကို ကျွန်ုပ်တို့ ကြိုးစားဖော်ထုတ်လျက်ရှိသည်။ ကျွန်ုပ်တို့၏ သောက်သုံးရေ သန့်စင်မှုကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းသည် ခဲဆိပ်ပမာဏကို လျှော့ချရန် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။ 2016 ခုနှစ်တွင် ပိုကောင်းသော သန့်စင်မှုစနစ်ကို တပ်ဆင်ပေးရန် အော်ရီဂွန်ပြည်နယ် ကျန်းမာရေးအာဏာပိုင်နှင့် သဘောတူညီခဲ့ပြီး ယခုနွေဦးတွင် ထိုစနစ်ကို ဖွင့်ပေးမည်ဖြစ်သည်။ ဤပိုကောင်းသော သန့်စင်မှုစနစ်သည် ရေ၏ pH ပါဝင်မှုအား အနည်းဆုံး 8.5 အထိတိုးမြှင့်ကာ အယ်ကာလီပါဝင်မှုနှုန်းကို တစ်လီတာလျှင် 25 မီလီဂရမ်စီ ချိန်ညှိခြင်းဖြင့် ပိုက်ခေါင်းရှိ ခဲဆိပ်ကို လျှော့ချပေးပါမည်။

သင်၏ခဲဆိပ်ထိတွေ့မှုကို လျှော့ချရန် အရင်းအမြစ်များ

သောက်သုံးရေထဲရှိ ခဲဆိပ်ထိတွေ့မှုကို လျှော့ချခြင်းအပြင် Portland Water Bureau သည် LeadLineမှ တစ်ဆင့် ခဲဆိပ်ထိတွေ့မှုအရင်းအမြစ်အားလုံးကို လျှော့ချရန် အစီအစဉ်များကို ကူညီပံ့ပိုးပေးပါသည်-

  • ခဲဆိပ်သင့်မှု ကာကွယ်တားဆီးရေး အလုပ်ရုံဆွေးနွေးပွဲများ
  • သင့်လျော်သော အိမ်များတွင် ခဲဓာတ်ကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်များကို လျှော့ချရန် အစီအစဉ်များ
  • ကလေးငယ်များကို သွေးတွင်းခဲဓာတ်ပမာဏအား အခမဲ့စစ်ဆေးပေးခြင်း
  • ၎င်း၏ ဖောက်သည်များအတွက် အခမဲ့ ရေတွင်း ခဲဓာတ်ပါဝင်မှု စစ်ဆေးပေးသည့် ကိရိယာများ

LeadLine-leadline.orgသို့မဟုတ်503-988-4000 ကို ဆက်သွယ်ပါ။

နောက်ထပ်အချက်အလက်များ သိရှိလိုပါက503-823-7525 မှတစ်ဆင့် ကျွန်ုပ်တို့ကို ဖုန်းခေါ်ဆိုပါ သို့မဟုတ် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် portland.gov/water/leadကို ဝင်ရောက်ကြည့်ရှုပါ။ သင့်နေအိမ်/အဆောက်အအုံ ဝန်းကျင်တွင် ခဲဓာတ်ထိတွေ့မှုကို လျှော့ချခြင်းနှင့် ခဲဓာတ်၏ ကျန်းမာရေးအပေါ် သက်ရောက်မှုများအကြောင်း နောက်ထပ်အချက်အလက်များ သိရှိလိုပါက EPA ဝက်ဘ်ဆိုက် epa.gov/leadကို ဝင်ရောက်ကြည့်ရှုပါ သို့မဟုတ် သင့်ကျန်းမာရေး စောင့်ရှောက်မှုပေးသူထံ ဆက်သွယ်ပါ။

ဘာသာပြန်ဆိုချက် သို့မဟုတ် အဓိပ္ပာယ်ရှင်းလင်းချက် ရယူလိုပါက သို့မဟုတ် မသန်စွမ်းသူများအတွက် သင့်လျော်သည့်အစီအစဉ်များ ရယူလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

portland.gov/water/lead  

ရေအရည်အသွေးဆိုင်ရာ ဝန်ဆောင်မှုလိုင်း- 503-823-7525

ဖောက်သည် ဝန်ဆောင်မှုဌာန- 503-823-7770

လိုင်းလွှဲဝန်ဆောင်မှု- 711

ထုတ်ဝေသည့်ရက်စွဲ- 12/2021

Contact

Water Quality Line

Ask drinking water quality and pressure questions.